Friday, May 16, 2008

လေဘေးဒုက္ခသည်များ၏ နှစ်ထပ်ကွမ်းဒုက္ခ

Ultimatefighters/ မေလ ၁၆ ရက် ၂၀၀၈

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် လေဘေးဒုက္ခသည်များအား အဓမ္မလုပ်အားပေးခိုင်း စေနေကြောင်း သိရှိရသည်။

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် လေဘေးဒုက္ခသည်များအား နအဖ စစ်ရဟတ်ယာဉ်များ ဆင်းသက်ရန်အတွက် နအဖနှင့် ကြံ့ဖွံ့များမှ ရဟတ်ယာဉ်ကွင်းများ ဖောက်လုပ်ရန်အတွက် ကျောက်ထုခိုင်းပြီး အဓမ္မ လုပ်အားပေး ခိုင်းစေနေကြောင်း သိရှိရသည်။

ထိုသို့ လုပ်အားပေးသူများကို ပိုက်ဆံမပေးပဲ WFP မှ ပေးပို့သည့် ဘီစကွတ်ထုတ်များကို တယောက် တထုတ်စီ ပေးဝေကြောင်း၊ လုပ်အား မပေးတဲ့သူများကို ဘီစကွတ်ထုတ်မပေးကြောင်း ဘိုကလေးမြို့ခံတဦးမှ ပြောဆိုသည်။

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template