Thursday, May 29, 2008

နယ်ထိန်းများ ဒုက္ခသည်များမှ ဆက်ကြေးတောင်း

မေလ ၂၉ ရက် ၂၀၀၈

ပဲခူးတိုင်း အင်းတကော် ရဲစခန်းပိုင် နယ်ထိန်းများမှ ဒုက္ခသည်များမှ ဆက်ကြေးတောင်း နေကြောင်းသိရသည်။ နာဂစ်မုန်တိုင်းကြောင့် ပျက်ဆီးသွားသော ဓါတ်တိုင်ပြင်ရန်ဟုဆိုကာ အင်းတကော် ရဲစခန်းပိုင် နယ်ထိန်းလှမျိုးနောင်မှ မုန်တိုင်းဒါဏ်ခံရသည့် သူများထံမှ ဆက်ကြေးလိုက်လံတောင်းယူနေသည်။ တအိမ်ထောင်လျှင် ကျပ် ၂၀၀၀ တောင်းခံလျက်ရှိပြီး မပေးမနေပေးရမည်ဆိုသောကြောင့် ရပ်ကွက်နေပြည်သူများ စိတ်ညစ်လျှက်ရှိကြောင်း သိရသည်။

0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template