Thursday, May 22, 2008

သတိ !!! သွေးလန့်တတ်သူ၊ နှလုံးရောဂါရှိသူများမကြည့်ရန်

ကိုယ်တိုင်ကတော့ အမေရိကန် စစ်သင်္ဘောတွေ လာနေပြီပြောယုံရှိသေးတယ် ကြောက်လိုက်တာ တုန်နေပြီ။ ခေါင်းဆောင်လို့ အရှက်မရှိ အမည်ခံထားပြီး တာဝန်မဲ့လိုက်ကြတာကတော့ တွေ့တဲ့အတိုင်းပါပဲ။ ကိုယ့်ပြည်သူတွေ ပိုးစိုးပက်စက် သေရတဲ့တရားခံက နာဂစ်မုန်တိုင်း မဟုတ်ဘူး နအဖ လက်တဆုပ်စာ အာဏာရူးတစုနဲ့ သူတို့မိသားစု။

သံသရာဟာ အမှန်တကယ် ပြန်လည်ပါတယ်။ သမိုင်းမှာ သွေးတွေနဲ့ ပေကြံအောင်ရေးခဲ့တဲ့ သူတို့ရဲ့ နေ၀င်ချိန်နိဂုံးမှာ သူ့တို့စစ်ဖိနပ်အောက်က ပြည်သူတွေရင်ဆိုင်ခဲ့ရတဲ့ မမြင်ရက်စရာ ဒီမြင်ကွင်းမျိုးထက် ဆိုးမှာကတော့ သေချာနေပါပြီ။







0 comments:

Template by - Ultimate Fighters | Ultimate Fighters Blogger Template